web
Oct 4, 2025
3
1 views

World Wide Web (www) နှင့် အင်တာနက်၏ ကွာခြားချက်

Appician
Writer
World Wide Web (www) နှင့် အင်တာနက်၏ ကွာခြားချက်

ပထမဆုံးအနေနဲ့ အင်တာနက်ကို အဓိပ္ပာယ်ဖွင့်ကြည့်ရ‌အောင်။

Wikipedia အရ -

အင်တာနက် (အပြန်အလှန်ချိတ်ဆက်ထားသောကွန်ယက်) ဆိုတာ ကမ္ဘာတစ်ဝှမ်းရှိ ကွန်ပျူတာ၊ ဖုန်း စသည့် စက်ပစ္စည်များ ချိတ်ဆက်ဖို့ရန် Internet Protocol Suite (TCP/IP) ကို အသုံးပြုတဲ့ ကွန်ပျူတာကွန်ယက်တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် တစ်ကမ္ဘာလုံးရှိစက်ပစ္စည်းများအားလုံးကို တစ်ပြိုင်နက်ချိတ်ဆက်ပေးတဲ့ Networks of Networks လို့လည်း ခေါ်လို့ရပါတယ်။

အင်တာနက်ကို တာဝန်ခံတဲ့သူရှိလား?

အမှန်အတိုင်းပြောရရင် အင်တာနက်ကို ဘယ်သူမှတာဝန်မခံပါဘူး။ အင်တာနက်ဟာ ဖြန့်ဝေထားသောကွန်ယက်ကြီးတစ်ခုဖြစ်ပြီးတော့ Packet များကို Network များမှတဆင့် သယ်ယူပို့ဆောင်မှုကို ဗဟိုထိန်းချုပ်ထားတဲ့ အာဏာပိုင်မရှိပါဘူး။ တယ်လီဖုန်းလိုင်းတွေလို end-to-end ချိတ်ဆက်မှုနဲ့ လူတိုင်းကို ချိန်ဆက်နိုင်စေတဲ့ ကွန်ယက်စနစ်တစ်ခုဖြစ်ပါတယ်။

ဒါဆိုရင် World Wide Web ဆိုတာဘာလဲ?

ကွန်ပျူတာစာရွက်စာတမ်းတစ်ခုကို အခြားကွန်ပျူတာစာရွက်စာတမ်းများနှင့် Hypertext Link များ အသုံးပြုပြီးတော့ ချိတ်ဆက်ပေးထားတာကြောင့် အင်တာနက်ပေါ်မှာရှိတဲ့ သတင်းအချက်တွေကို အလွယ်တကူ ရှာဖွေနိုင်အောင် အထောက်အကူပေးတဲ့ သတင်းအချက်အလက်များပေးပို့မှုစနစ်တစ်ခု ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် World Wide Web ဟာ HTTP (HyperText Transfer Protocol) ကိုအသုံးပြုတဲ့ အင်တာနက်ရဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ WWW က သတင်းအချက်အလက်များကို Browser မှတဆင့် အသုံးပြုသူကို ပြသနိုင်ရန်အတွက် လိုအပ်တဲ့ဖိုင်များ (သို့) HTML (Hypertext Markup Language) များရဲ့ တည်နေရာကို ရရှိနိုင်ရန်အတွက် URL (Uniform Resource Locator) ကို အသုံးပြုထားပါတယ်။

ဥပမာနဲ့ပြောရမယ်ဆိုရင် World Wide Web ကို ရုပ်ရှင်ရုံတစ်ခုအဖြစ်သတ်မှတ်နိုင်ပြီးတော့ ရုပ်ရှင်ရုံကိုသွားတဲ့လမ်းကိုတော့ အင်တာနက်အဖြစ် သတ်မှတ်နိုင်လို့ရပါတယ်။ အင်တာနက်မှာ World Wide Web အပြင် FTP (File Transfer Protocol), SMTP (Simple Mail Transfer Protocol), POP (Post Office Protocol) အစရှိတဲ့ အခြား Protocol များစွာ ရှိပါတယ်။

ယနေ့ခေတ်မှာ မိုဘိုင်းဖုန်း အသုံးပြုမှုမြှင့်တက်လာတဲ့အတွက် World Wide Web အသုံးပြုမှုကတော့ တဖြည်းဖြည်းကျဆင်းလာပါတယ်။ Gmail, Spotify, YouTube လိုမျိုး World Wide Web ၀န်ဆောင်မှုအများစုကို Mobile App များအနေဖြင့် ပိုပြီးအသုံးပြုလာကြပါတယ်။

Tags

#web#networking
1
Views
1
Likes
1
Comments

Related Articles

WebSocket ဆိုတာဘာလဲ? Http နဲ့ဘာကွာခြားလဲ?
web
Oct 5, 2025
5

WebSocket ဆိုတာဘာလဲ? Http နဲ့ဘာကွာခြားလဲ?

Http နှင့် WebSocket နှစ်ခုစလုံးက client-server communication မှာသုံးတဲ့ communication protocol တွေဖြစ်ပါတယ်။

Read Article
Internet နှင့် Web အကြောင်း
web
May 18, 2024
3

Internet နှင့် Web အကြောင်း

Internet ပေါ်မှာ အချက်အလက်မျိုးစုံနှင့် forum, database, email, hypertext စသည့် ဆက်သွယ်ရေးနည်းပညာအမျိုးအစား အများကြီးရှိပါတယ်။ ၎င်းအပြင် ပုဂ္ဂလိက၊ အများသုံး၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရကွန်ယက်များပါဝင်ပြီး ကမ္ဘာအနှံ့ကိုဆက်သွယ်ထားပါတယ်။ တခြားအီလက်ထရောနစ်ပစ္စည်းများစွာလည်း ဒီကွန်ရက်ထဲမှာ ချိတ်ဆက်ထားပါတယ်။

Read Article
Web Server အကြောင်း
web
Oct 5, 2025
3

Web Server အကြောင်း

Web Server ဆိုသည်မှာ World Wide Web ပေါ်မှ client များ၏တောင်းဆိုမှုများကိုတုံ့ပြန်ရန် HTTP (Hypertext Transfer Protocol) နှင့် အခြား protocol များကိုသုံးသော software နှင့် hardware ဖြစ်သည်။

Read Article

Enjoyed this article?

Subscribe to get notified when I publish new articles about web development, React, and modern JavaScript.

1