
WebSocket ဆိုတာဘာလဲ? Http နဲ့ဘာကွာခြားလဲ?
Http နှင့် WebSocket နှစ်ခုစလုံးက client-server communication မှာသုံးတဲ့ communication protocol တွေဖြစ်ပါတယ်။


အဲဒီ အလွှာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
Internet ပေါ်မှာ အချက်အလက်မျိုးစုံနှင့် forum, database, email, hypertext စသည့် ဆက်သွယ်ရေးနည်းပညာအမျိုးအစား အများကြီးရှိပါတယ်။ ၎င်းအပြင် ပုဂ္ဂလိက၊ အများသုံး၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရကွန်ယက်များပါဝင်ပြီး ကမ္ဘာအနှံ့ကိုဆက်သွယ်ထားပါတယ်။ တခြားအီလက်ထရောနစ်ပစ္စည်းများစွာလည်း ဒီကွန်ရက်ထဲမှာ ချိတ်ဆက်ထားပါတယ်။
Web browser တစ်ခုနှင့် Web ကို အသုံးပြုလို့ရပါတယ်။
Internet က ကွန်ရက်တွေရဲ့ ကွန်ရက်တစ်ခုဖြစ်ပြီး computer နှစ်ခုသို့မဟုတ် နှစ်ခုထက်ပိုတဲ့အချက်အလက်များကို ဖလှယ်ခွင့်ပြုထားပါတယ်။
၎င ်းကို ကွန်ရက်တွေရဲ့ ကွန်ရက်လို့လည်းခေါ်တယ်။ ၃ Internet က အီလက်ထရောနစ်ပစ္စည်းများအကြား သတင်းအချက်အလက်များကို သယ်ယူပို့ဆောင်ပေးပါတယ်။
Web က Internet မှတစ်ဆင့် သတင်းအချက်အလက်များရယူတဲ့ နည်းစနစ်တစ်ခုဖြစ်တယ်။
Web ဟာဆိုရင် Internet ကိုအသုံးပြု၍ သတင်းအချက်အလက်များမျှဝေရာတွင် စံနမူနာတစ်ခုလည်းဖြစ်တယ်။
Web အသုံးပြုသည့် protocol က Http ဖြစ်ပြီး
Web ကို web browser ကတစ်ဆင့်ဝင်ရောက်နိုင်တယ်။
URI ရဲ့အရှည်ကောက်ကတော့ “Uniform Resource Identifier” ဖြစ်ပါတယ်။ URI က နာမည်တစ်ခု၊ locator (သို့) နှစ်ခုလုံးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ URL က locator တစ်ခုသာဖြစ်ပြီး URI ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ URL တစ်ခုကဆာဗာများနှင့်ဆက်သွယ်ရာတွင် computer တွေအသုံးပြုသောနံပါတ်များ (IP address) ကိုအစားထိုးရန် ဒီဇိုင်းပြုလုပ်ထားတဲ့ လူဖတ်နိုင်သည့် စာ သားဖြစ်ပါတယ်။ URL မှာ protocol တစ်ခု၊ domain name နှင့် path ( စာမျက်နှာတစ်ခုတည်ရှိရာ subfolder structure) ပါဝင်သည်။
ဥပမာ: protocol://WebSiteName.topLeaveDomain/path
အုပ်ချုပ်တဲ့သူဆိုတာမရှိပါဘူး။ Internet ရဲ့ အထူးအခွင့်အာဏာကတော့ Internet Society (ISOC) ရဲ့လက်ထဲမှာရှိနေပါတယ်။ ISOC က Internet နည်းပညာမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်ဖလှယ်မှုကို တိုးမြင့်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

Http နှင့် WebSocket နှစ်ခုစလုံးက client-server communication မှာသုံးတဲ့ communication protocol တွေဖြစ်ပါတယ်။

Web Server ဆိုသည်မှာ World Wide Web ပေါ်မှ client များ၏တောင်းဆိုမှုများကိုတုံ့ပြန်ရန် HTTP (Hypertext Transfer Protocol) နှင့် အခြား protocol များကိုသုံးသော software နှင့် hardware ဖြစ်သည်။
Subscribe to get notified when I publish new articles about web development, React, and modern JavaScript.