networking
Oct 4
3
1 views

OSI Model ဆိုတာ ဘာလဲ? - OSI Model ၏ အလွှာများ

Appician
Writer
OSI Model ဆိုတာ ဘာလဲ? - OSI Model ၏ အလွှာများ

OSI ရဲ့ အရှည်ကောက်ကတော့ Open System Interconnection ဖြစ်ပါတယ်။ ဒီ Model ကို အလွှာ ၇ လွှာဖြင့် ဖွဲ့စည်းထားပြီးတော့ အလွှာတစ်ခုချင်းစီမှာ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ကိုယ်စီရှိကြပါတယ်။ ဒီအလွှာတွေအားလုံးက ကွန်ပျူတာတစ်လုံးမှ အခြားတစ်လုံးသို့ အချက်အလက်များ သယ်ယူပို့ဆောင်ရန်အတွက် အတူတကွ လုပ်ဆောင်ကြရပါတယ်။ OSI Model ကို 1984 ခုနှစ်မှာ ISO – ‘International Organization for Standardization’ အဖွဲ့က တီထွင်ခဲ့ပါတယ်။

OSI Model အတွင်း Data စီးဆင်းမှု

အချက်အလက်တွေကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်တဲ့အခါ OSI Model ရဲ့ အလွှာ ၇ လွှာကို ဖြတ်သန်းရပါတယ်။ ထို ပေးပို့လိုက်သည့် data က OSI Model ရဲ့ အပေါ်ဆုံးလွှာမှ အောက်အဆုံးအလွှာထိ ဖြတ်သန်းရပြီး လက်ခံသူဘက်မှ လက်ခံတဲ့အခါ data က OSI Model ရဲ့ အောက်ဆုံးအလွှာမှ အပေါ်ဆုံးလွှာအထိ ပြောင်းပန်ဖြတ်သန်းရပါတယ်။

OSI Model မှာ အချက်အလက်များ စီးဆင်းမှုအဆင့်ဆင့်:

  • Application Layer : ဒီအလွှာမှာ data ကို ဖန်တီးတဲ့ Application များ ရှိပါတယ်။
  • Presentation Layer : ဒီအလွှာများ အချက်အလက်များကို format လုပ်ခြင်း၊ encrypt လုပ်ခြင်းများ လုပ်ဆောင်ပါတယ်။
  • Session Layer : ဒီအလွှာမှာ Network ချိတ်ဆက်မှုတွေ လုပ်ဆောင်ပါတယ်။
  • Transport Layer : ဒီအလွှာမှာ data များကို လုံခြုံစွာပို့ဆောင်နိုင်ရန်အတွက် ထို data များကို အပိုင်းအစများအဖြစ် ခွဲထားပါတယ်။
  • Network Layer : ဒီအလွှာမှာ ခွဲထားသည့် data အပိုင်းအစများကို အထုပ်ကလေးများအဖြစ် ထုပ်ပိုးထားပြီး ပို့ဆောင်ရမည့် လမ်းကြောင်းကို ရွေးချယ်သတ်မှတ်လိုက်ပါတယ်။
  • Data Link Layer : ဒီအလွှာမှာ ထုပ်ိပုးထားတဲ့ အထုပ်လေးတွေကို အစဉ်တကျစီထားပြီးမှ ပို့ဆောင်ရမည့် နေရာသို့ ပို့ဆောင်လိုက်ပါတယ်။
  • Physical Layer : ဒီအလွှာမှာ စီထားတဲ့ အထုပ်လေးတွေကို bit တွေအဖြစ်ပြောင်းလဲပြီး အင်တာနက်ကြိုးများ၊ WiFi အစရှိသည့် Physical Medium အားဖြင့် ပို့လိုက်ပါတယ်။

အလွှာတစ်ခုပြီးတစ်ခု ဖြတ်သန်းပြီးတိုင်း data များ ပို့ဆောင်ရမည့်နေရာသို့ သေချာစွာ ရောက်ရှိကြောင်းကို ဖော်ပြသည့် အချက်အလက်များ ထည့်ပေးရပါတယ်။

article image

ဥပမာတစ်ခုနဲ့ ဖော်ပြရမယ်ဆိုရင် Luffy က သူ့သူငယ်ချင်း Zoro ဆီကို e-mail တစ်စောင် ပို့လိုက်တယ်ဆို့ပါစို့။

  • ပထမအဆင့် : Luffy က e-mail application များဖြစ်တဲ့ Gmail (သို့) Outlook ကို အသုံးပြုပြီးတော့ သူ့ပို့ချင်တဲ့ e-mail ကို ရေးရပါတယ်။ (ဒါက Layer 7 ပါ)
  • ဒုတိယအဆင့် : Mail application က ထို e-mail ကို ပို့ဆောင်နိုင်ရန်အတွက် format၊ encrypt၊ compression စသည့်အလုပ်များ လုပ်ဆောင်ရပါတယ်။ (ဒါက Layer 6 ပါ)
  • တတိယအဆင့် : ပေးပို့သူနှင့် လက်ခံမည့်သူ နှစ်ယောက်လုံးက အင်နက်တာအားဖြင့် ချိတ်ဆက်မှုရှိ၊ မရှိ အတည်ပြုရပါတယ်။ (ဒါက Layer 5 ပါ)
  • စတုတ္ထအဆင့် : E-mail ကို သေးငယ်တဲ့ အပိုင်းအစများအဖြစ် ခွဲခြားထားပြီးတော့ ထိုအပိုင်းအစများတွင် error ရှိမရှိ စစ်ဆေးရပါတယ်။ စစ်စေပြီးရင် အစဉ်လိုက် စီရပါတယ်။ (ဒါက Layer 4 ပါ)
  • ပဉ္စမအဆင့် : အပိုင်းအစများ ပို့ဆောင်ရမည့် အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်ရပါတယ်။ (ဒါက Layer 3 ပါ )
  • ဆဌမအဆင့် : တူညီတဲ့ Network တစ်ခုပေါ်ရှိ စက်ပစ္စည်းများကြားတွင် ဒေတာများ အစဉ်လိုက်အတိုင်း ကောင်းမွန်စွာရောက်ရှိစေရန်အတွက် error စစ်ဆေးမှုများ လုပ်ဆောင်ပါတယ်။
  • သတ္တမအဆင့် : Cable များ၊ Switch များ စသည့် Physical medium များအားဖြင့် binary data များ ပို့ဆောင်သည့်အလုပ် ဆောင်ရွက်ပါတယ်။

E-mail က လက်ခံရရှိမည့်သူ Zoro ဆီသို့ ရောက်ရှိပြီးတဲ့အခါ လုပ်ဆောင်ချက်က အဆင့် ၇ မှ အဆင့် ၁ ကို ပြန်သွားရပါတယ်။ နောက်ဆုံးမှာတော့ e-mail ကို လက်ခံရရှိသည့် Zoro ရဲ့ e-mail application မှာ Luffy ပို့လိုက်တဲ့ပုံစံအတိုင်း မြင်တွေ့နေရမှာပဲ ဖြစ်ပါတယ်။

Tags

#web#networking
1
Views
1
Likes
1
Comments

Related Articles

react
May 9, 2024
7

React useReducer Hook အကြောင်း

Reducer ဆိုတဲ့စကားလုံးက value နှစ်ခုကိုလက်ခံပြီး value တစ်ခုကို return ပြန်တဲ့ function ကိုခေါ်တဲ့ အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ Array တစ်ခုမှာရှိတဲ့ value တွေအားလုံးကို value တစ်ခုတည်းမှာ ပေါင်းစပ်ချင်တဲ့အခါ Array ရဲ့ function တစ်ခုဖြစ်တဲ့ reduce function ကိုသုံးလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်း reducer function တစ်ခုရေးပြီး reduce ထဲမှာ pass လုပ်လို့ရပါတယ်။

Read Article
react
Oct 4
7

React useRef Hook အကြောင်း

useRef Hook ဟာ သူ့ရဲ့ argument (initialValue) ကို .current ဆိုတဲ့ သူ့ရဲ့ property မှာ initialized လုပ်ပြီး multable ref object ကို return ပြန်တဲ့ function တစ်ခုဖြစ်ပါတယ်။ သူ return ပြန်တဲ့ object ဟာ component ရဲ့ lifetime တစ်လျှောက်လုံးမှာ persist (ဆက်လက်တည်ရှိ) နေပါလိမ့်မည်။

Read Article
react
Oct 4

React.useCallback Hook အသုံးပြုပုံ

Function object တစ်ခုက တခြား function တစ်ခုကို return ပြန်လို့ရပါတယ်။ (factory() function က လုပ်သလိုမျိုး)။ ပြီးတော့ အဲဒီ function တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်လို့ရပါတယ်။ Object တစ်ခုက လုပ်လို့ရသမျှအကုန်လုံး လုပ်လို့ရပါတယ်။

Read Article

Enjoyed this article?

Subscribe to get notified when I publish new articles about web development, React, and modern JavaScript.

1