web
May 18, 2024
3
1 views

Internet နှင့် Web အကြောင်း

Appician
Writer
Internet နှင့် Web အကြောင်း

article image

  1. Internet - အရိုးရှင်းဆုံးပြောရမယ်ဆိုရင် Internet ဆိုတာ ဆက်သွယ်ရေး protocol တွေကိုအသုံးပြုပြီးသေးငယ်တဲ့ ကွန်ရက် (network) မြောက်မြားစွာကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကွန်ရက်ကြီးတစ်ခု​​ဖြစ်ပါတယ်။ Internet ရဲ့စံအရ Internet protocol suite လို့ခေါ်တဲ့ ဖွဲ့စည်းပုံတစ်ခုရှိပါတယ်။ ဒီဖွဲ့စည်းပုံမှာ အလွှာ (layer) (၃) လွှာ ပါဝင်ပါတယ်။

အဲဒီ အလွှာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. Application အလွှာ(အပေါ်ဆုံးအလွှာ) - Application အလွှာကတော့ ဒေတာ(URL, type, အစရှိသဖြင့်)​ တွေနှင့် သက်ဆိုင်​ပြီး HTTP, HTTPS တို့ ရှိတဲ့နေရာဖြစ်တယ်။
  2. Transport အလွှာ - ဒေတာတွေကို ကွန်ရက်တစ်ခုအပေါ် နေရာတစ်ခုမှအခြားတစ်နေရာသို့ အဆုံးထိတာဝန်ယူသယ်ယူပို့ဆောင်ပေးတဲ့ အလွှာဖြစ်ပါတယ်။
  3. Network အလွှာ - Network အလွှာက ဒေတာတွေရဲ့လမ်းကြောင်းကို သတ်မှတ်ပေးပါတယ်။

Internet ပေါ်မှာ အချက်အလက်မျိုးစုံနှင့် forum, database, email, hypertext စသည့် ဆက်သွယ်ရေးနည်းပညာအမျိုးအစား အများကြီးရှိပါတယ်။ ၎င်းအပြင် ပုဂ္ဂလိက၊ အများသုံး၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရကွန်ယက်များပါဝင်ပြီး ကမ္ဘာအနှံ့ကိုဆက်သွယ်ထားပါတယ်။ တခြားအီလက်ထရောနစ်ပစ္စည်းများစွာလည်း ဒီကွန်ရက်ထဲမှာ ချိတ်ဆက်ထားပါတယ်။

  1. World Wide Web - Web ဆိုတာ Internet မှတဆင့် သတင်းအချက်အလက်တွေကို ရယူပေးတဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် အထူးစာရွက်စာတမ်းတွေကိုထိန်းသိမ်းထောက်ပံ့ပေးတဲ့ Internet ဆာဗာများရဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီစာရွက်စာတမ်းတွေကို HTML ခေါ် “HyperText Markup Language” စသည့်ဘာသာစကားများဖြင့် ပုံစံချထားပြီး link များ နှင့် multimedia များကိုလဲထောက်ပံ့ပေးပါတယ်။ အဲဒီစာရွက်စာတမ်းတွေကို hypertext link များအသုံးပြု၍ အပြန်အလှန်ချိတ်ဆက်ထားပြီး Internet မှတစ်ဆင့်ကြည့်ရှုနိုင်ပါတယ်။

Hypertext ကို Internet နှင့် ချိတ်ဆက်နိုင်ရန်လိုအပ်ချက်များ

  1. Markup language များ, i.e., HTML
  2. Tranfer protocol တစ်ခု, e.g., HTTP
  3. Uniform Resource Locator (URL), အရင်းအမြစ်၊ စာရွက်စာတမ်းတွေကိုသိမ်းစည်းထားတဲ့ Internet လိပ်စာတစ်ခု။

Web browser တစ်ခုနှင့် Web ကို အသုံးပြုလို့ရပါတယ်။

Internet နှင့် Web ရဲ့ခြားနားချက်များ

  1. Internet က ကွန်ရက်တွေရဲ့ ကွန်ရက်တစ်ခုဖြစ်ပြီး computer နှစ်ခုသို့မဟုတ် နှစ်ခုထက်ပိုတဲ့အချက်အလက်များကို ဖလှယ်ခွင့်ပြုထားပါတယ်။

  2. ၎င်းကို ကွန်ရက်တွေရဲ့ ကွန်ရက်လို့လည်းခေါ်တယ်။ ၃ Internet က အီလက်ထရောနစ်ပစ္စည်းများအကြား သတင်းအချက်အလက်များကို သယ်ယူပို့ဆောင်ပေးပါတယ်။

  3. Web က Internet မှတစ်ဆင့် သတင်းအချက်အလက်များရယူတဲ့ နည်းစနစ်တစ်ခုဖြစ်တယ်။

  4. Web ဟာဆိုရင် Internet ကိုအသုံးပြု၍ သတင်းအချက်အလက်များမျှဝေ​ရာတွင် စံနမူနာတစ်ခုလည်းဖြစ်တယ်။

  5. Web အသုံးပြုသည့် protocol က Http ဖြစ်ပြီး

  6. Web ကို web browser ကတစ်ဆင့်ဝင်ရောက်နိုင်တယ်။

URI

URI ရဲ့အရှည်ကောက်ကတော့ “Uniform Resource Identifier” ဖြစ်ပါတယ်။ URI က နာမည်တစ်ခု၊ locator (သို့) နှစ်ခုလုံးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ URL က locator တစ်ခုသာဖြစ်ပြီး URI ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ URL တစ်ခုကဆာဗာများနှင့်ဆက်သွယ်ရာတွင် computer တွေအသုံးပြုသောနံပါတ်များ (IP address) ကိုအစားထိုးရန် ဒီဇိုင်းပြုလုပ်ထားတဲ့ လူဖတ်နိုင်သည့် စာသားဖြစ်ပါတယ်။ URL မှာ protocol တစ်ခု၊ domain name နှင့် path ( စာမျက်နှာတစ်ခုတည်ရှိရာ subfolder structure) ပါဝင်သည်။

ဥပမာ: protocol://WebSiteName.topLeaveDomain/path

  1. Protocol — Http (သို့) Https
  2. Website name — facebook, google etc.
  3. topLevelDomain — .com, .edu, .in etc.
  4. Path — အရင်းအမြစ်တွေရှိနေတဲ့ folder (သို့) subfolder

Internet ကို ဘယ်သူအုပ်ချုပ်တာလဲ?

အုပ်ချုပ်တဲ့သူဆိုတာမရှိပါဘူး။ Internet ရဲ့ အထူးအခွင့်အာဏာကတော့ Internet Society (ISOC) ရဲ့လက်ထဲမှာရှိနေပါတယ်။ ISOC က Internet နည်းပညာမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်ဖလှယ်မှုကို တိုးမြင့်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

  • IAB (Internet Architecture Board) - IAB ဆိုတာ ISOC က အင်တာနက်လိပ်စာများကဲ့သို့အရင်းအမြစ်များကို ပြန်လည်သုံးသပ်ရန် တာဝန်ပေးထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
  • IETF (Internet Engineering Task Force) - Internet ဆက်လက်လည်ပတ်နိုင်ဖို့ နှင့် နည်းပညာဆိုင်ရာပြဿနာတွေကိုဆွေးနွေးရန် ဖွဲ့စည်းထားတဲ့ အခြားအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Tags

1
Views
1
Likes
1
Comments

Related Articles

react
May 9, 2024
7

React useReducer Hook အကြောင်း

Reducer ဆိုတဲ့စကားလုံးက value နှစ်ခုကိုလက်ခံပြီး value တစ်ခုကို return ပြန်တဲ့ function ကိုခေါ်တဲ့ အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ Array တစ်ခုမှာရှိတဲ့ value တွေအားလုံးကို value တစ်ခုတည်းမှာ ပေါင်းစပ်ချင်တဲ့အခါ Array ရဲ့ function တစ်ခုဖြစ်တဲ့ reduce function ကိုသုံးလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်း reducer function တစ်ခုရေးပြီး reduce ထဲမှာ pass လုပ်လို့ရပါတယ်။

Read Article
react
Oct 4
7

React useRef Hook အကြောင်း

useRef Hook ဟာ သူ့ရဲ့ argument (initialValue) ကို .current ဆိုတဲ့ သူ့ရဲ့ property မှာ initialized လုပ်ပြီး multable ref object ကို return ပြန်တဲ့ function တစ်ခုဖြစ်ပါတယ်။ သူ return ပြန်တဲ့ object ဟာ component ရဲ့ lifetime တစ်လျှောက်လုံးမှာ persist (ဆက်လက်တည်ရှိ) နေပါလိမ့်မည်။

Read Article
react
Oct 4

React.useCallback Hook အသုံးပြုပုံ

Function object တစ်ခုက တခြား function တစ်ခုကို return ပြန်လို့ရပါတယ်။ (factory() function က လုပ်သလိုမျိုး)။ ပြီးတော့ အဲဒီ function တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်လို့ရပါတယ်။ Object တစ်ခုက လုပ်လို့ရသမျှအကုန်လုံး လုပ်လို့ရပါတယ်။

Read Article

Enjoyed this article?

Subscribe to get notified when I publish new articles about web development, React, and modern JavaScript.

1