tips
Oct 4, 2025
3
1 views

Junior Developer တွေမှားတတ်တဲ့ အမှား (၅) ခု

Appician
Writer
Junior Developer တွေမှားတတ်တဲ့ အမှား (၅) ခု
၁။ မှားတဲ့မေးခွန်းများ မေးခြင်း

ဆိုလိုသည်မှာ သူတို့ကမဆိုင်သောမေးခွန်းများ မေးသည်ဟုမဆိုလိုချင်ပါ။ ဒါပေမဲ့ မှန်ကန်(မေးသင့်) သောမေးခွန်းများကို မမေးတတ်ကြပါဘူး။ မေးခွန်းကောင်းတစ်ခုမှာ အဖြေ ၅၀% ရှိပြီးသားဖြစ်ပါတယ်။ ဤနည်းလမ်းကို ကျွမ်းကျင်မယ်ဆိုရင် သင့်ကိုဘယ်အရာကမှ ရပ်တန့်စေလို့မရတော့ပါဘူး။ Rubber duck debugging လို့ခေါ်တဲ့ မေးခွန်းမေးတဲ့အရာပေါ်မှာအခြေခံတဲ့ debugging နည်းဗျူဟာတစ်ခုလည်းရှိပါတယ်။

နောက်ထပ်ပြဿနာတစ်ခုကတော့ မေးခွန်းအများကြီးမေးတာပါ။ ဒီလိုမေးတဲ့အရာက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်မေးချင်တဲ့မေးခွန်းတွေထဲက တကယ်အရေးကြီးတဲ့မေးခွန်းမျိုးမေးသင့်ပါတယ်။

၂။ အချိန်စီမံခန့်ခွဲမှု အားနည်းခြင်း

Lack time management
Junior Developer တွေရဲ့ နောက်ထပ်အမှားတစ်ခုက အချိန်စီမံခန့်ခွဲမှု အားနည်းတာပဲဖြစ်ပါတယ်။ Project ရဲ့ deadline အရမ်းနီးကပ်လာတဲ့အချိန်မှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုပြီး ဆုံးဖြတ်တတ်ဖို့အရမ်းအရေးကြီးပါတယ်။ တချို့ bug တွေက အခြား bug တွေထက် အရင်ဖြေရှင်းဖို့လိုနေတတ်ပါတယ်။ ဘာမှမဟုတ်တဲ့ UI ပြဿနာတစ်ခုလေးမှာပဲ အချိန်ကုန်နေမယ်ဆိုရင် Project ပြီးမြောက်ဖို့အချိန်ကြာပါလိမ့်မည်။

Project တိုင်းမှာ မတူညီတဲ့ ရည်ရွယ်ချက်နှင့် လိုအပ်ချက်များရှိပါတယ်။ Developer ကောင်းတစ်ယောက်ကတော့ အဲဒီအရာတွေကို အမြန်ဆုံးခြုံငုံသုံးသပ်ပြီးတော့ အကောင်အထည်ဖော်ပါတယ်။ Bug တွေနဲ့ အကောင်းဆုံးဖြေရှင်းဖို့အတွက် ပြဿနာတစ်ခုတည်းမှာပဲ အချိန်တော်တော်ကုန်နေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ရပ်လိုက်ပြီးတော့ တခြားတစ်ခုကိုပြောင်းပြီးတော့ လုပ်ပါ။နောက်နေ့လောက်မှ အဲဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် အဖြေတစ်ခု သူ့ဟာသူပေါ်လာပါတယ်။ အဲဒါကို sleeping on it လို့ခေါ်ပြီးတော့ အရမ်းခက်ခဲနက်နဲတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။

၃။ လုံလောက်အောင်မလေ့လာခြင်း

Learning not enough
ဒါကတော့ ကိုယ့်ကိုကိုယ်ဟုတ်လှပြီလို့ထင်တဲ့ developer တွေရဲ့ပြဿနာတစ်ခုပါ။ Software developer သက်တမ်းတစ်လျှောက်လုံး အသစ်သောအရာတွေကို အမြဲလေ့လာရမှာပါ။ Design patterns, algorithms နှင့် တခြား libraries တွေကိုပဲမလေ့လာဘဲ တခြားသောနည်းပညာတွေ အများကြီးလေ့လာဖို့လိုပါတယ်။

စာအုပ်တွေ၊ article တွေ၊ blog တွေ၊ နည်းပညာသတင်းတွေ များများဖတ်ပါ။ ကိုယ့်ရဲ့ Project မှာ အသစ်သောအရာတွေကို ထည့်သွင်းရေးသားပါ။ ကိုယ်နှစ်သက်တဲ့ library တွေရဲ့ source code တွေကိုလည်း ဖတ်ကြည့်ပါ။ နည်းပညာ conference တွေကိုလည်းသွားပါ။ တခြား developer တွေနဲ့လည်း အဆက်အသွယ်လုပ်ပါ။

၄။ အလွန်အကျွံလေ့လာခြင်း

learning too much
အပေါ်မှာရေးထားတဲ့အကြောင်းအရာနဲ့ ဆန့်ကျင်နေပုံပေါက်ပါတယ်။ ဒါပေမဲ့ ဆိုလိုချင်တာကတော့ နေ့စဉ်နေ့တိုင်း အသစ်သောနည်းပညာတွေ ထွက်ပေါ်လာပါတယ်။ အကုန်လုံးကို လေ့လာရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ React (သို့) Vue (သို့) Angular တစ်ခုခု ကျွမ်းကျင်မယ်ဆိုရင် နောက်တစ်ခု လေ့လာစရာမလိုတော့ပါဘူး။

မလေ့ရမယ့်အရာ ရွေးချယ်ခြင်းက ဘယ်အရာလေ့လာရမည်ကို ရွေးချယ်ခြင်းကဲ့သို့ အရေးကြီးပါတယ်။

ဒါပေမဲ့ တစ်ခုခုကိုတော့ အထူးကျွမ်းကျင်အောင်လုပ်ပါ။

၅။ တာဝန်မယူတတ်ခြင်း

not responsiblity
Junior Developer ဖြစ်တဲ့အတွက် သင့်အပေါ်မှာ သိပ်ပြီးတော့မျှော်လင့်ကြမှာ မဟုတ်ပါဘူး။ သင့်ရဲ့ supervisor က အရေးကြီးတဲ့ တာဝန်တွေတော့ပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ သေးငယ်တဲ့ပြဿနာတွေကို code ပိုင်ရှင်ကဲ့သို့ တာဝန်ယူတတ်အောင်သင်ယူပါ။

ဒီအရာကို Senior developer တွေနဲံ့ Project Manager တွေက နှစ်သက်ပါတယ်။ အဲဒီပြဿနာကိုတွေကို တာဝန်ယူဖြေရှင်းမှပဲ အများကြီးသင်ယူလေ့လာပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်။

Tags

#programming
1
Views
1
Likes
1
Comments

Enjoyed this article?

Subscribe to get notified when I publish new articles about web development, React, and modern JavaScript.

1